မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးပြုလုပ်

မင်းလှ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများ တွေဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး ကိစ္စ ရပ်များ၊ ကျေးလက်မြို့ပြလမ်း၊ တံတားနှင့် တည်ဆောက်ရေးကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့်ဒေသ ဖွံ့ဖြိုး ရေးစသည့် ကိစ္စရပ်များ လံခြုံရေးကိစ္စရပ်များကို ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ၊ လယ်ယာမြေကစ္စရပ်များဆိုင်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းအခြေ အနေ များကို ဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများက လိုအပ် ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ညှိနှို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)