ခင်ဦးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများအား ဒုတိယအကြိမ်ထိုးနှံရန်နှိုးဆော်

ခင်ဦး စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက် ပုဂ္ဂိုလ်များနှင့် ပြည်သူများကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ နေရာ (၅) နေရာတွင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက နှိုးဆော်ထားကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် ဩဂုတ်လ ၃ ရက်နေ့က ပထမအကြိမ် ထိုးနှံထားသူများအား ယခင်က မိမိကာကွယ်ဆေး ထိုးနှံထားသော နေရာများတွင် သွားရောက်ထိုးနှံရမည် ဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင်   စက်တင်ဘာလ ၁ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း (၈၂၈) ဦး ရှိပြီး သေဆုံးသူစုစုပေါင်း (၂၅) ဦးနှင့် ဆေးရုံတွင် တက်ရောက် ကုသခံနေသူ (၅၆) ဦး ရှိကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစန်းယုကို ထံက သိရသည်။

စိုးဝေအောင်(ခင်ဦး)