ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ကြီးများလဲကျ လမ်းပိတ်ဆို့မှုမဖြစ်စေရေး အဖွဲ့ပေါင်းစုံမှ ရှင်းလင်းလျက်ရှိ

 

ညောင်ဦး စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ယမန်နေ့ ည၁၀နာရီခွဲ အချိန်မှ ၁၂နာရီအချိန်ခန့်ထိရွသွန်းသည့်မိုးကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ သစ်ပင်ကြီးများလဲကျပြီး ကားလမ်းပိတ်ဆို့မှုများဖြစ်လျှက်ရှိရာ ဖြတ်သန်းသွားလာသည့်ကား၊ မော်တော်ဆိုင်ကယ် ၊သုံးဘီးယာဉ်များဖြတ်သန်းသွားလာနိုင်ရေး အဖွဲ့ပေါင်းစုံမှ စက်တင် ဘာ ၁၀ရက်၊ နံနက် ၅နာရီအချိန်မှ စတင်ကာ ရှင်းလင်းလျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားနီလမ်းဆုံတွင် ကုက္ကိုပင်ကြီးလဲကျပြီးလမ်းပိတ်စို့နေခြင်း၊ အမှတ်(၄)တိုက်သစ် ဘုန်းတော်ကြီး အဝင်လမ်း ဖျောက်ဆိပ်ပင်ကြီးလဲကျနေခြင်း၊ အနော်ရထာ နှစ်လမ်းသွားလမ်းမပေါ် ထနောင်း ပင်လဲကျခြင်းနှင့်အမှတ်(၇) ဝက်ကြီးအင်းရပ်ရှိထနောင်ပင်ကြီးလဲကျခြင်းများအား နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှအရာရှိစစ်သည်များ၊ လုံခြုံရေးတပ်မတော်သားများ၊ ညောင်ဦး ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူများမှရှင်းလင်းလျှက်ရှိကြောင်း ညောင်ဦးမြို့နယ် ၊မြို့မရဲစခန်းမှူး ရဲမှူးစိုးလွင်က ပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုယခု နှစ် မိုးရွာသွန်းမှုများကာ ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရေကန်ကြီးများရေပြည့်လျှံနေကြပြီး ယမန်နေ့ ည ၁၀နာရီခွဲအချိန်က ရွာသွန်းသည့်မိုးသည် ၂.၁၁ လက်မရှိကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ယနေ့ စက်တင်ဘာ ၁၀ရက်နေ့ထိ မိုးရေချိန်လက်မ ၂၃.၅၉ လက်မရှိပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရကာ မိုးရွာသွန်း အမှတ်(၄)မြို့မ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်ပေါ်သို့ လဲကျသည့် ဖျောက်ဆိပ်ပင်ကြောင့် စာသင်ခန်းနှစ်ခန်းပျက်စီးခဲ့ကြောင်းသိရပြီး အခြား နေရာလဲကျသည့်နေရာတွင် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့မရဲစခန်းမှူး ရဲမှူးစိုးလွင်က ပြောကြားသည်။

ကိုထိန်၊KPD