တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 11,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဒုတိယအသုတ်တွင် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း စုရပ်(၂)နေရာ သတ်မှတ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်က စတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် အမှတ်(၁၀) တပ်မတော်ဆေးရုံကုတင် (၂၅)ဆံ့မှ ဆရာဝန်နှင့် သူနာပြုများက ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။