ဝါးခယ်မမြို့နယ် ကဝဲအင်းချောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

ဝါးခယ်မ  စက်တင်ဘာ  ၁၄

ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ကဝဲအင်းချောင်း ကျေးရွာအုပ်စု၊ ကဝဲ အင်းချောင်းကျေးရွာ အခြေခံပညာမူလတန်းလွ န်ကျောင်းတွင် ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကို ယမန်နေ့ နံနက် ပိုင်းမှစတင်၍ကိုဗစ်-၁၉ စည်း ကမ်းချက်များနှင့်အညီ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက ကျေးလက်နေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် () ကတ်၊ အသက်(၁၈)နှစ်ပြည့် (၂၀) ကတ်၊ လဲလှယ်() ကတ်၊ ပျောက်/ပျက် (၂၅)ကတ်၊စုစုပေါင်း (၅၁) ကတ်နှင့်ရွှေ့ပြောင်းအိမ်ထောင်စုဦးရေ စာရင်း() ခုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်း  စီမံချက်ဖြင့်မြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား   ထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ မေလ () ရက်နေ့မှ စတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့အထိ (၁၈) လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသောဌာ နဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောသန္တာဦး (ပြန်/ဆက်)