မိုးညို စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က ရပ်ကွက်၊ ကျေးရွာများအတွင်း လိုက်လံ၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျဆေးကြောပါ၊ နှာချေချောင်းဆိုးသည့် အခါတိုင်း နှာခေါင်းပါးစပ်တို့ကို လုံခြုံအောင်ဖုံးအုပ်ပါ၊ လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ရန်၊ တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် လိုက်နာဆောင်ရွက်သွားကြရန်နှင့် မိုးညိုမြို့နယ်တွင်းရှိ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း အသိသတိဖြင့် လိုက်နာနေထိုင်သွားလာကြပါရန်နှင့် ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင် ပြသခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ Mask များ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအပေါ် NUG၊ PDF တို့၏ အကြမ်းဖက်နှောက်ယှက်မှုများအား ပြည်သူသို့ အသိပေးချက်ကို စကောကရင်၊ ပိုးကရင် တိုင်းရင်းသားဘာသာစကား အသံဖိုင်ဖြင့် Hand Speker နှင့် ကြေညာပေးခြင်း၊ ဆောင်းဘောက်ဖွင့်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စန္ဒာလင်း (မိုးညို)