မြဝတီ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန် အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ် ကွက်များနှင့်လမ်းဆုံလမ်းခွများ တွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး အတွက်မိမိတို့နေ အိမ် (သို့မဟုတ်) အဆောင်များ တွင်သာနေထိုင်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေ ခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများ သာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ်ရောင်းချ ရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက် လာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယ ရှိပါက နီးစပ် ရာ ကျန်းမာရေး ဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင် သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော် မှုကို မြဝတီ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နေ့စဉ်အသိ ပညာပေးလိုက်လံနှိုးဆော်လျက်ရှိ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)