မအီ စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၊ ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာဖြင့် လာရောက် ပြသသူ(၁) ဦးအားကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ COVID-19 Rapid Test Kit ဖြင့်စစ်ဆေးခဲ့ရာတွင် ယနေ့နံနက် (၁ဝး၃၀) အချိန်ခန့်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မအီမြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့အတည်ပြုလူနာမှာ မအီမြို့၊ အမှတ်(၂)ရပ်ကွက်မှ အသက်(၅၃)နှစ်ရှိသူ အမျိုးသမီးဖြစ်ပြီး ၎င်းပိုးတွေ့အတည်ပြုလူနာ(၁)ဦးကို ဆေးကုသမှုခံယူရန် မအီမြို့၊ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင် တာတွင် ကြပ်မတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ မအီမြို့အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာများမှာ(၃၃) ဦးထိရှိလာပြီဖြစ်သည့်အနက် ယနေ့ထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ(၂၂)ဦးရှိခဲ့ပြီဖြစ်ကာ ဆေးကုသမှုခံယူ လျက်(၈) ဦးရှိပြီး သေဆုံးသူ(၃ )ဦးရှိကြောင်းမအီမြို့၊ ပြည်သူ့ဆေးရုံမှ သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)