မိုးညို စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ယနေ့နံနက်ပိုင်းမှစ၍ မိုးညိုမြို့နယ်စည်ပင်သာယာစျေးအတွင်း အချက်အချာကျသောနေရာ (၃) နေရာတွင် ဖြန့်ဝေခြင်း လိုလျှင်ယူပါ၊ ပိုလျှင်လှူပါအစီစဉ်ကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ကာလတွင် Mask ဝယ်ယူအသုံးပြုရန် အခက်အခဲရှိသော အခြေခံလူတန်းစား ပြည်သူများအတွက် အခက်အခဲ မရှိစေရေးနှင့် Mask များတပ်ဆင်သွားလာရန် အစဉ်သတိရှိစေရေး၊ Mask များဟောင်းနွမ်း၍ အသစ်လဲလှယ်တပ်ဆင်လိုလျှင် လွယ်လင့်တကူယူ၍ တပ်ဆင်နိုင်ရန်၊နေရာ (၃) နေရာတွင် Mask များထားရှိ ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။ စီစဉ်ပေးထားသော Mask များကုန်သွားပါက ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Mask များကို စနစ်တကျ တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရေးတွင် အထောက်အကူ ဖြစ်စေရေးစီစဉ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအစီစဉ်ကို မိုးညိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးက ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ၏ (Mask) ဗူးများ စီစဉ်ပေးမှုဖြင့် ပြန်ကြားရေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးတာဝန်ခံ ဦးထွန်းထွန်းဝင်းနှင့် စျေးသူစျေးသားများက ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
စန္ဒာလင်း