မိတ္ထီလာ စက်တင်ဘာ ၁၄
မိတ္ထီလာမြို့နယ်အတွင်းကျေးရွာများတွင်နေထိုင်သည့် ကိုဗစ်၁၉ ရောဂါပိုးရှိသည်ဟု သံသယရှိသူ များအားစစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၂ ရက်နေ့ညနေ ၃နာရီအချိန်မှ ယမန်နေ့ညနေ၃ နာရီအချိန် အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာသစ် ၂၃ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
မြို့နယ်ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းဖွဲ့များနှင့် ကျေးရွာဒေသခံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်၁၉ ရောဂါပိုး တွေ့လူနာ ၂၃ ဦးအား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်း ကိုဗစ်၁၉ ရောဂါပိုးတွေ့လူနာသစ် ၂၃ ဦးမှာ ရေချိုကျေးရွာ မှ ၁၂ ဦး ၊ ရွာသစ်ကျေးရွာမှ ၇ ဦး၊ကံကောင်းကျေးရွာမှ ၂ ဦး၊ ရှင်မြို့ကျေးရွာမှ ၁ ဦး ၊ ကံဦးကျေးရွာ မှ ၁ ဦး တို့ဖြစ်သည်။ အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့လူနာ ၂၃ ဦးအား သက်ဆိုင်ရာ ကိုဗစ်၁၉ ပိုးတွေ့လူနာယာယီဆေးကုသရေးဌာနများတွင် ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးထားကြောင်း သိရသည်။
ချမ်းသာ