ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့်လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်း

 

ကျောင်းကုန်း   စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို အမှတ်()ရပ်ကွက် ဒက္ခိဏာရာမ (ရွှေကျင်)ပရိယတ္တိ စာသင်တိုက်၌ ယနေ့ နံနက် နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး၊ ပရိတ်တရားတော်များ  ချီးမြှင့်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ နှင့်မြို့နယ် ဌာနဆိုင်ရာများကလှူဒါန်းသည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းရ ခြင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လျှောက်ထားပြီး၊ ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၃၅) ကျောင်းနှင့် သီလရှင်ကျောင်း(၁၇) ကျောင်းတို့အတွက် ဆွမ်းဆန်တော်(၂၄၈)အိတ်၊ ဆီ(၃၃၄) ပိဿာ၊ ပဲ(၃၃၄)ပိဿာနှင့်ဆား (၅၀)ပိဿာ၊ စုစုပေါင်း လှူ ဒါန်းငွေ(၉၅) သိန်းတို့ လှူဒါန်းခဲ့ကြသည်။ လှူဒါန်းမှူအစုစုတွက်အနုမောဒနာတရားဟောကြားပြီး ရေစက်သွန်ချအမျှပေးဝေခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)