ကွမ်းခြံကုန်းမြို့နယ် စက်မှုဇုံပြင်ပ စက်ရုံ၊ အလုပ်ရုံ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ကွမ်းခြံကုန်း စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စက်မှုဇုံပြင်ပစက်ရုံ၊ အလုပ်ရုံ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sonovac) ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် () နာရီက မြို့မရပ်ကွက် ..က() သီရိရတနာခန်းမ၌  ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ စက်မှုဇုံပြင်ပ စက်ရုံ၊ အလုပ်ရုံ လုပ်သားများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ စက်မှုဇုံပြင်ပစက်ရုံ၊ အလုပ်ရုံ လုပ်သားဦးရေ(၂၆၀)ဦးအား ထိုးနှံပေး မည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ..က() သီရိရတနာခန်းမ၌ ပထမအကြိမ် စက်မှုဇုံပြင်ပ စက်ရုံ၊ အလုပ်ရုံ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား  ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ/မရှိနှင့် ပြင်းထန်း သည့် ဘေးထွက်ဆိုးကျိုးများ ရှိ/မရှိအတွက် သတ်မှတ်နေရာများတွင် နာရီဝက်ခန့်စောင့်ကြည့်စေပြီး   လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊  မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)