ဟိုင်းကြီးကျွန်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဟိုင်းကြီးတိုက်နယ်ဆေးရုံနှင့် ကျောက်ချောင်းတိုက်နယ်ဆေးရုံတို့အား ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ပိုင်းက အောက်ဆီဂျင်ထားရှိမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သူများကူညီ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းမှ ဟိုင်းကြီးတိုက်နယ်ဆေးရုံတွင် Dnoxaprin(strip) (၅)လုံး ၊ Oryzone S1 (inj) (၁၀)လုံး ၊ စုစုပေါင်း ဆေး(၁၅)လုံးအား လှူဒါန်းခဲ့ပြီး ကျောက်ချောင်းတိုက်နယ်ဆေးရုံတွင် Vitamin D3 ဆေးရည်တို့ကို လှူဒါန်း ခဲ့ကြောင်းသိရသည်။
နွေးနွေးအောင်