မိုင်းလုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် ခရီးသည်များအားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များကို ရေးမှတ်ခြင်း၊ ထွက်ခွာလာသည့်ဒေသမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထောက်ခံချက်ပါ/မပါ စစ်ဆေးခြင်း၊ Mask များစနစ်တကျ တပ်ဆင်ပြီးမှ ဝင်စေခြင်း ၊ လက်များ ကိုစနစ်တကျဆေးစေခြင်းစသည့် ကျန်းမာ ရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ပြီး Stay at Home သတ်မှတ်ထားသောမြို့နယ်များမှ မိုင်းလုံမြို့အတွင်း လာရောက်ပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော Covid-19 Vaccination Card၊ (၂)ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုကင်းရှင်းကြောင်း နှားခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ကြောင်းထောက်ခံစာ စသည်တို့ကို စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိပါသည်။
Stay at Home သတ်မှတ်ထားသောမြို့နယ်များနှင့် ပြည်ပနိုင်ငံမှ ပြန်လာသူများကို အဆိုပါထောက်ခံချက်များ မပါရှိပါက Quarantine Center တွင်ထားရှိသွားမည် ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
မိုင်းလုံမြို့တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ(၆၂)ဦးရှိပြီး ဆေးရုံမှဆင်းခွင့် ရရှိသူ(၁၅)ဦး၊ ဆေးကုသနေသည့်လူနာ(၄၆)ဦး၊ သေဆုံးလူနာ(၁) ဦး ရှိကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)