ကရသူရိ စက်တင်ဘာလ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌ ယနေ့ထိ ကိုဗစ်−၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၈၃)ဦးတွင် ရောဂါလက္ခဏာများကုသပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူစုစုပေါင်း(၁၄၇) ဦးထိရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါပိုး အတည်ပြုလူနာများကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များက RDT(Rapid Test Kit)ဖြင့် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး (Quarantine Centre) အဖြစ် မြို့ဓမ္မာရုံနှင့် ပြည်သူ့ဆေးရုံ နေရာများတွင် ထားရှိ၍ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ရာမှကိုဗစ်−၁၉ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီး ဖြစ်သဖြင့် ဆေးရုံဆင်းခွင့်ပြု ခဲ့ခြင်း ဖြစ်ပြီးမိမိနေအိမ်တွင်လည်းHome Quarantine(၇)ရက်ဆက်လက်နေထိုင်စေခဲ့ ကြောင်း၊လက်ရှိတွင် ဆေးကုသမှုခံယူနေသူ(၃၅)ဦးကျန်ရှိပြီး၊ သေဆုံးသူ(၁)ဦးသာရှိခဲ့ကြောင်း တိုက်နယ် တာဝန်ခံ ဆရာဝန်ထံမှသိရသည်။
ကရသူရိ (ပြန်/ဆက်)