မကွေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေး

မကွေး  စက်တင်ဘာ ၁၅

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး မထိုးရသေးသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က စတင်၍ စုရပ်(၅)နေရာခွဲကာ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် Volunteer အဖွဲ့ဝင်များ ပူးပေါင်း၍ မကွေးမြို့စုပေါင်းရုံးခန်းမတွင် (၂)နေရာ၊ အ.ထ.က(၁)ကျောင်း၊ အ.ထ.က(၃) ကျောင်းနှင့် အ.ထ.က(၄)ကျောင်း စသည်ဖြင့် စုရပ်(၅)နေရာခွဲကာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မကွေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူ(၁၅၅၀၀) ဦးအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့်မကွေးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူ(၂၅၄၁၉)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ကိုစည်သူ(မကွေး)