ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ (၂၀၀၀) ထပ်မံရရှိ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံ

နေပြည်တော် စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော် များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ(၂၀၀၀)ထပ်မံရရှိ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ယနေ့နံနက်ပိုင်းမှစတင်ကာ ဆက်လက် ထိုးနှံ လျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၂) တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံ ခုတင်(၃၀၀)မှ သူနာပြုစစ်သည်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ  “ကျွန်တော်တို့ ဒီနေ့မှာ ဆေးအလုံးရေ (၂၀၀၀) ထပ်မံရရှိတာကြောင့် ရေဆင်းတိုက်နယ် ဆေးရုံနဲ့ ပြည်စံအောင်ကျေးလက် ကျန်းမာရေးဌာနမှာ စုရပ်လုပ်ပြီးထိုးပေးတာပါ နောက်ရက် တွေမှာလည်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေမှတဆင့် ဘယ်မှာစုရပ်ပြုလုပ်ပြီး ထိုးနှံပေးမယ်ဆိုတာကို ပြည်သူလူထုကိုအသိပေးပြီး ထိုးနှံပေးသွားမှာပါ” ဟု  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်၏ ပြောပြချက်အရ သိရသည်။       

အေးလင်းထွန်း