ထန်းတပင် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးထိန်ဝင်း၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အတွက် လူစည်ကားရာနေရာဖြစ်သည့် မြို့သစ်လမ်းနှင့် မနောသုခလမ်းထောင့်တွင် ယနေ့နေ့လည်ပိုင်းက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ အသိပညာပေး ဗီးနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် အသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု့ အားပေးခဲ့ကြပြီး ဗီးနိုင်းပိုစတာတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း၊ ပန်းခင်းစီမံချက် ဆောင်ရွက်မည့် လုပ်ငန်း (၄)ရပ်၊ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သော အထောက် အထားများ၊ အိမ်ထောင်စု လူဦးရေစာရင်း စိစစ်အတည်ပြု ထုတ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ ပါဝင်ကြောင်း သိရသည်။
သဇင်