ရေတာရှည် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့မနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး တိုက်တွန်းနှိုးဆော်ရာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင် ရှောင်ရှားရမည့် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း၌ ယနေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၅၀၁)ဦးရှိပြီး ဆေးရုံဆင်း(၁၃၅၇)ဦး ၊ ဆေးကုသမှုခံယူလျှက်ရှိသူ(၁၁၁)ဦး၊ သေဆုံး(၃၃)ဦး ဖြစ်ကြောင်း သိရသည်။
အေးဆု