နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူများနှင့် အတည်ပြုလူနာ ထိတွေ့မှုရာဇဝင် ရှိသူများအား ရောဂါကူးစက်မှု ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးပေး

နမ့်ခမ်း           စက်တင်ဘာ  ၁၆                    

 ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ကုသရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါ သံသယလက္ခဏာရှိသူများနှင့် အတည်ပြု လူနာထိတွေ့မှု ရာဇဝင် ရှိသူများအား ရောဂါ ကူးစက်မှု ရှိ/မရှိ သိရှိနိုင်ရန် ယနေ့နံနက်ပိုင်း()နာရီအချိန် နမ့်ခမ်းမြို့ရှိ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ RDT Test Kit ဖြင့် စစ်ဆေး ပေးကြောင်း သိရသည်။

 နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ကုသရေးနှင့် မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူ များသို့ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးကို နမ့်ခမ်း မြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာရှိသူများနှင့် အတည်ပြုလူနာ ထိတွေ့မှု ရာဇဝင်ရှိသူ များအား ယနေ့ နံနက်ပိုင်း()နာရီအချိန်မှစ၍ နေ့စဉ် နံနက် ()နာရီမှ ညနေ ()နာရီအချိန်ထိ RDT Test Kit ဖြင့် စစ်ဆေးပေးပြီး ရောဂါသံသယလက္ခဏာ ရှိသူများနှင့် အတည်ပြု လူနာ ထိတွေ့မှု ရာဇဝင်ရှိသူများအနေဖြင့် အဆင့်ဆင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မိမိအစီ အစဉ်ဖြင့် သီးသန့်နေထိုင်ရန်၊ လူစည်ကားရာ နေရာများသို့ သွားလာခြင်းမပြုရန်နှင့် မိမိအစီအစဉ်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ကြရန် မှာကြားသည်။

 နမ့်ခမ်းမြို့အနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အတည်ပြုချက်အရ ယနေ့နံနက်ပိုင်း (၁၀)နာရီ အချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၁၄၈၈)ဦးရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ရက် အတွင်း စောင့်ကြည့်ကုသပေးလျှက်ရှိရာ ရောဂါ လက္ခဏာမပြပဲ ကျန်းမာရေး ကောင်းမွန်လာသည့်အတွက် ဆေးရုံဆင်းခွင့်ပြုသူ (၁၁၈၆)ဦး ၊ ဆက်လက် ကုသဆဲလူနာများ(၂၃၁)ဦးနှင့်  သေဆုံးလူနာ(၇၁)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)