တာချီလိတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်း နေရာများ၌ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် လာရောက်စစ်ဆေးမှုခံယူခဲ့သူ(၉၆)ဉီးရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုခံယူ ခဲ့သူ(၉၆)ဉီးမှ စစ်ဆေးချက် အဖြေအရ ရောဂါပိုးထပ်မံတွေ့ရှိခဲ့သည့် အတည်ပြုလူနာ အမျိုးသားနှစ်ဉီး၊ အမျိုးသမီးနှစ်ဉီး စုစုပေါင်း(၄)ဉီး ရှိကြောင်းနှင့် ၎င်းအတည်ပြုလူနာလေးဉီးမှ အသက်(၆၁)နှစ်အရွယ် အမျိုးသားတစ်ဉီးမှာ မူလသွေးတိုး ရောဂါအခံဖြင့် ယနေ့မွန်းလွဲပိုင်းတွင်သေဆုံးခဲ့ပြီး ကျန်ရှိသည့် အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးနှစ်ဉီး စုစုပေါင်းသုံးဉီးတို့ကို တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံ၊ ဝမ်လုံးစင်တာနှင့်အားကစားရုံစင်တာများ၌ သီးခြားထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြု လူနာ(၂၆၃၇)ဉီးထိရှိပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၄၂၈)ဉီးရှိကာ သေဆုံးသူ(၉၄)ဉီး ရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)