ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မိဘပြည်သူများအား ထပ်မံအသိပညာပေးနှိုးဆော် ခြင်းများဆောင်ရွက်
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့တွင် ရပ်ကွက်များအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို မိဘပြည်သူ များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးထပ်မံနှိုးဆော်ကြေညာပေးခြင်းကို ယနေ့ နံနက် (၉) နာရီ မှစ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ၊ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား Sound Box စက်ဖြင့် လိုက်လံအသိပေနှိုးဆော်ခဲ့ကြောင်းသိရသည်။