ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၁၇

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်နှံ့နေမှု အခြေအနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေး ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများအား မြို့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း အသိပညာပေးခြင်းလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကရပ်ကွက်များအတွင်းနှင့် မြို့လယ်လမ်းဆုံနေရာများ ယာယီပျံကျဈေးသို့ သွားရောက်ပြီးကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ပြန်ကြားချက်များ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန် ထားသည့် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းသတ်မှတ် ချက်များအား ပြည်သူများအနေဖြင့် သိရှိလိုက်နာနေထိုင်နိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်ခြင်း အသိညာပေး‌ကြေညာ‌ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)