ပလက်ဝ စက်တင်ဘာလ ၁၇
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၌ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများဖြစ်ကြသည့် မိဘပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုမြို့မရပ်ကွက်၊ လူငယ်သင်တန်းကျောင်းရှိသင်တန်းခန်းမ၌ပြန်လည်ထိုးနှံပေးလျက်ရှိပါ ကြောင်းရပ်ကွက်အတွင်း လှည့်လည်၍ အသိပေးနိုးဆော်ကြေညာခြင်းကို ယမန်နေ့ နေ့ညနေ ၄ နာရီ အချိန်က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးလှည့်လည်နှိုးဆော် ကြေညာခြင်းကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်ပြီးမြို့နယ်အ ထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများဖြစ်ကြ သည့် နိုင်ငံ့ဝန်ထမ်းများ နှင့်မိသားစုဝင်များ၊ Volunteer/ ပရဟိတ အဖွဲ့ဝင် များ၊ အသက် ၆၅ နှစ်အထက်မိဘပြည်သူ များ၊ဈေးသည်များနှင့် ဈေးရောင်းဝန်ထမ်းများ၊ ဘာသာရေးကျောင်းများ၊ ကား၊ သုံးဘီး၊ ရေယာဉ်သမားများ၊ တည်းခိုခန်းပိုင်ရှင်များ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများ အားလုံးပထမ အကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ပြီး ၂၈ ရက်ပြည့်သောနေ့တွင် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ် ဆေးကိုမြို့မရပ်ကွက်ရှိ လူငယ်သင်တန်းကျောင်းတွင် နံနက် ၉ နာရီအချိန်က စတင်ပြီး ပြန်လည်ထိုးနှံပေးလျက်ရှိပါ ကြောင်းအသိပေးနှိုးဆော် ကြေညာခဲ့ပါသည်။