လဲချားတွင် ကိုဗစ် -၁၉ရောဂါ ပိုးတွေ့လူနာ သုံးဦးထပ်မံစစ်ဆေးတွေ့ရှိ

လဲချား  စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါပိုး  ရှိ/မရှိကို RDT  Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ သုံးဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊ အနံ့မရခြင်းကြောင့် စစ်ဆေးပေးသူ​ ​ကိုးဦးတွင် သုံးဦး ထပ်မံတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ယခုအခါ လဲချားမြို့နယ်တွင် ဇူလိုင်လ (၁၀)ရက်နေ့မှ ယနေ့အထိ စစ်ဆေးသူ စုစုပေါင်း (၆၁၈)ဦးတွင် ပိုးတွေ့အတည်ပြုလူနာ(၁၃၈)ဦး ရှိရာတွင် ဆေးရုံမှဆင်းခွင်ရရှိသူ (၁၁၉)ဦး၊ သေဆုံးသူ (၆)ဦးဖြစ်ပြီး ကျန်ရှိသော အတည်ပြုလူနာ(၁၃)ဦးအား  မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိပြီး  ကြပ်မတ်ကုသပေးလျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနမှ ​ သိရသည်။

လွှမ်းသူနောင် (လဲချား)