ဝေါ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သ့ ဆေးရုံဟောင်း၊ သူရဲသမိန်တိုက်နယ်ဆေးရုံ၊ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းတိုက်(သူရဲသမိန်)၊ ဇောတိကာရုံဘုန်းတော်ကြီးကျောင်းတိုက် (သူရဲသူမိန်) နှင့် ဝေါမြို့နယ် Quarantine Center (၁) ခုနှင့် ဂွေ့ကြီးစျေးရှိ အနံ့ပျောက်သံသယရှိသူ လူနာ (၁၉၃) ဦးအားTest Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ ဂွေ့ကြီး ကျေးရွာ စျေးမှ (၁) ဦး၊ ယနေ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၁)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း(၁၆၂၆) ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ (၁၄၆၀) ဦး၊ ဝေါမြို့နယ်အတွင်း Positive လူနာ စုစုပေါင်းဆေးရုံလက်ကျန်လူနာ (၅၅) ဦး၊ အခြားမြို့နယ်ပြောင်းရွှေ့ (၃) ဦးနှင့် ယနေ့ထိ သေဆုံးသူစုစုပေါင်း (၁၀၈) ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်ဆက်)