ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးခြင်းနှင့် (Sinopharm)ကာကွယ်ဆေးထိုးနှံ နိုင်ရေးအသိပေးနှိုးဆော်

ကမမောင်း  စက်တင်ဘာ  ၁၇

ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး ပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇နာရီက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေ ရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှ မထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်း များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ် (၃)ရပ်ကွက် ရာအိမ်မှူးနှင့် ကမမောင်းမြို့ကြက်ခြေနီအဖွဲ့ခွဲငယ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှု ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီးကိစ္စများ၊ သွားလာ ရာ၌ပါးစပ်နှင့် နှာခေါင်းစည်းMaskများစနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန်နှင့်ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ထိုးနှံနိုင်ရေး အချိန်၊ နေ့ရက်နှင့်ထိုးနှံပေးမည့်နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍အသိပေးတိုက်တွန်းနှိုးဆော်ချက် များကို မြန်မာဘာသာ၊ စကောကရင်နှစ်ဘာသာဖြင့်အသိပေး နိုးဆော်ခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)