မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေး

မန္တလေး စက်တင်ဘာ ၂၀

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးရန်ကျန်ရှိနေသူများအား ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုး စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးကြသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ထိုးနှံပေးကြပြီး ဆေးထိုး စုရပ်နေရာများဖြစ်သော ဒေါနဘွားရပ်ကွက် မုန်တိုင်ဓမ္မာရုံ၌(၂၂၈)ဦး၊ အမရဌာနီ အရှေ့ရပ်ကွက်ဒေါ်ဖီဓမ္မာရုံ၌ (၁၈၂)ဦး၊ ပြည်ကြီးရန်လုံရပ်ကွက် ကိုးခန်းဓမ္မာရုံ၌(၁၉၉)ဦး၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရားရှိ ရွှေကျီးနားဓမ္မာရုံ၌ (၂၀၀)ဦး၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ ထားဝယ်ဓမ္မာရုံ၌ (၃၃၂)ဦး၊ စုစုပေါင်း (၁၁၄၁)ဦးတို့ကို ဒုတိယ အကြိမ်မြောက်အဖြစ် ကာကွယ်ဆေးထိုးနှံပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်း ကတ်ပြား များကိုလည်း တာဝန်ရှိသူများက တစ်ပါတည်းပေးအပ်ကြသည်။

အဆိုပါ ကာကွယ်ဆေးများထိုးပေးရာသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဦးစီးမှူးများ၊ သက်ဆိုင်ရာ ရပ်ကွက် များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး  (အောင်စံ)