ကျွန်းစုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် အတည်ပြုလူနာ(၁၃)ဦး ထပ်မံတွေ့ရှိ

ကျွန်းစု စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ စက်တင်ဘာလ (၁၉)ရက်နေ့က RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် အတည်ပြုလူနာ (၁၃) ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။

စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ဖျားနာနေသူများ၊ ရောဂါပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့သူများအား (RDT) ဖြင့် စစ်ဆေးခဲ့ရာတွင် ရေကန်တောင်ကျေးရွာ(၁)ဦး၊ ငမန်းချောင်း တောင်ကျေးရွာ (၄)ဦး၊ ပဲ့ဒိုင်ကျေးရွာ (၂) ဦး၊ ချောင်းကြီးဝကျေးရွာ(၅)ဦး၊ စခန်းသစ်ကျေးရွာ(၁)ဦး စုစုပေါင်း(၁၃)ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကြပ်မတ်ကုသဆောင်များတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ကျွန်းစုမြို့နယ်အတွင်း (၁၉.၉.၂၀၂၁)  ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူဦးရေ (၁၂၆၈)ဦး၊ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရသူ (၁၁၀၀)ဦး၊ ဆေးဆက်လက်ကုသမှုခံယူသူ ဦးရေ (၁၆၈)ဦးနှင့် သေဆုံးသူ(၂၄)ဦးရှိကြောင်း သိရသည်။

အေးသန္တာဖြိုး (ကျွန်းစု)