ပေါက်တောမြို့၌ အသက်(၅၅)နှစ် အထက်ပြည်သူများအား ကိုဗစ်(၁၉) ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံ

ပေါက်တော စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေးခြင်း ကို ပေါက်တောမြို့ သာသနာ့ဗိမာန်စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေးဌာန စုရပ်(၆) နေရာတို့တွင် ယနေ့နံနက် (၁၀)နာရီက ဆက်လက် ထိုးနှံပေးခဲ့သည်။

အဆိုပါ ဒုတိယအသုတ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုကြသည်။ ကိုဗစ်-ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ကို ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။ ကာ ကွယ်ဆေးထိုး နှံပေးရာ၌ ဌာနအသီး သီးမှဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအဖွဲဝင်များနှင့် စေတနာဝန်ထမ်း များက လိုအပ် သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးကြသည်။ တဆက်တည်းမှာပင် ကျောက်တောင် တိုက်နယ်ဆေးရုံ၊ သပြေကန် ကျေးလက်ကျန်းမာရေးဌာန၊ မြင့်ဂါ ကျေးလက်ကျန်းမာရေးဌာန၊ အလယ်ကျွန်း ကျေးလက်ကျန်းမာရေးဌာန၊ ဆင်တက်မော်ကျေးလက်ကျန်းမာ ရေးဌာန၊ သဝင်ချောင်း ကျေးလက် ကျန်းမာရေးဌာန၊စုရပ်များသို့ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက တာဝန်ကျရာ နေရာ များသို့ သွားရောက် ကြီးကြပ်ခြင်းများကို ဆောင်ရွက်ကြလျက် ကျေးရွာရှိစေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးကြသည်။

ပေါက်တောမြို့ပေါ် စုရပ်နှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်(၆)နေရာတို့တွင် ကာကွယ် ဆေးထိုး နှံလာကြသည့် အသက်(၅၅)နှစ်နှင့် အသက်(၆၄)နှစ် ထိ(၁၅၄၇)ဦး၊ (၆၅)နှစ်အထက် (၁၇၄)ဦး၊ သံဃာတော်(၁၆)ပါး၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၁)ဦး၊ Volunteer(၄၅)ဦး၊ နိုင်ငံဝန်ထမ်း(၂၆)ဦး၊ ဝန်ထမ်းမိသားစု(၃၅)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး(၄၂)ဦး၊ ဈေးဆိုင်သည် (၈၈)ဦးတို့ အပါအဝင် စုစုပေါင်း (၁၉၈၈)ဦး လာရောက်ထိုးနှံကြသည်။ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရာ သို့မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်၍ ‌ကာကွယ် ဆေးထိုးနှံလာကြသည့် ပြည်သူများ အား ပထမအကြိမ်ဆေးထိုးပြီးခဲ့သော်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် မပျက်မကွက် အလေးအနက်ထားပြီး လာရောက် ထိုးနှံပေးကြပါရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

 

ကျော်သန်း(ပြန်/ဆက်)