သံတောင်ကြီး စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ယနေ့နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင ့်အတတ်နိုင်ဆုံး အိမ်တွင်း၌ သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည် များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင် ထွက်ပါက လူတိုင်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန် ၊လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင် တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသော အခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီး ရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင် လိုက်နာကြစေရန်အတွက် တိုက်တွန်း အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။