ဆီဆိုင် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က စတင်၍ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၈)ခုတွင် သတ်မှတ်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဆီဆိုင်မြို့နယ် ခန်းမဆောင်တွင်(၄၅၅)ဦး၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင်(၃၆၅)ဦး၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူ ဓမ္မာရုံတွင်(၃၉၃)ဦး၊ တဘက်ကျေးရွာအုပ်စုရှိ ပန်ကန်း ဘုန်းကြီးကျောင်းတွင်(၃၅၀)ဦး၊ တောင်ရှေ့ ကျေးရွာအုပ်စုရှိ နောင်ထော်ကျေးလက်ကျန်းမာရေးဌာနတွင်(၂၉၅)ဦး၊ နောင်ကျော ကျေးရွာအုပ်စုရှိ နောင်ရင်းဒုံ ကျေးလက်ကျန်းမာရေးဌာနတွင်(၂၂၄)ဦး၊ နောင်မွန်ကျေးရွာအုပ်စုရှိ နောင်မွန် ကျေးလက် ကျန်းမာရေးဌာနတွင်(၇၀၀)ဦး၊ လွယ်ပွတ်ကျေးရွာအုပ်စုရှိ လွယ်ပွတ် ကျေးလက် ကျန်းမာရေး ဌာနတွင်(၉၃)ဦး၊ စုစုပေါင်း(၂၈၇၅)ဦး ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည်။
အဆိုပါ ဆေးထိုးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုကို မြို့နယ်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်စိစစ်၍ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)