မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျှော့ပါးသက်သာလာစေရန် အသိ ပညာပေးနှိုးဆော်မှုများပြုလုပ်

တောင်သာ စက်တင်ဘာ ၂၀

 

    

မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလျှော့ပါးသက်သာလာစေရန်၊ အကောင်း ဆုံးကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန် ရည်ရွယ်၍  ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဘုရားကြီးအနောက် ရပ်ကွက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။

 

အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါလျော့ပါးသက်သာစေရန်အတွက် ကျန်မာရေးဦးစီးဌာနသို့သွားရောက်ပြသရန်၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ၊  ဆီးချိုရောဂါ၊  အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ  ကိုယ်ခံအားနည်း တဲ့သူတွေအတွက်  ပိုပြီးအန္တရာယ်များကြောင်းနှင့် ရောဂါအကောင်းဆုံးကာကွယ်ဖို့ နည်းလမ်းတွေကတော့ စနစ်တကျ လက်မဆေးပဲ မျက်စိ၊နှာခေါင်း၊ပါးစပ် တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ တက်နိုင်သလောက် မိမိလက်နဲ့ မျက်နှာ ကိုမထိတွေ့စေဖို့သတိပြုပါ၊  သန့်ရှင်းလက်ဆက်တဲ့  အစားအစာကို ရွေးချယ်စားသုံးပါ၊  အစားအသောက်များကို ကျက်အောင် ချက်ပြုတ်စားသုံးပါ    ကျန်းမာရေးဝန်ကြီးဌာနက   အချိန်နဲ့တပြေးညီ ထုတ်ပြန်တဲ့ညွှန်ကြားချက်များ အတိုင်း လိုက်နာ ဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းနှိုဆော်ခဲ့ကြောင်းသိရသည်။

         

တောင်သာမြို့နယ်  ရပ်ကွက်များသို့  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးဦးရဲဝင်းအောင်နှင့် ဝန်ထမ်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများအတွက်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)