ရှားတောမြို့နယ် စလောင်းကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ကွင်းဆင်းထိုးနှံပေးလျက်ရှိ

ရှားတော  စက်တင်ဘာ  ၂၀

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်တွင် အလယ်ပိုင်းကျေးရွာအုပ်စု စလောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်း ထိုးနှံပေး ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်က ဦးဆောင်ကြီးကြပ်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးချို စသည့်ရောဂါများ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပေးခဲ့သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ရှားတောမြို့နယ် စလောင်းကျေးရွာ၊ ပန်လိုကျေးရွာနှင့် နားကျိုင်းကြီးကျေးရွာရှိ ပြည်သူ(၆၅)ဦးကို ထိုးနှံ ပေးနိုင်ခဲ့ပြီး ရှားတောမြို့နယ်တွင် ယမန်ရက်နေ့အထိ ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း (၁၉၀)ဦး ရှိကြောင်း သိရသည်။

ထွန်းအောင်