အထက်မင်းလှ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၅ ရက်နေ့က စတင်ထိုးနှံပေး လျက်ရှိရာ ယမန်နေ့အထိ လူဦးရေ ၈၁၀၀ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးခဲ့ရာ အသက် ၅၅ နှစ်မှ ၆၄ အထိ ၃၁၅၆ ဦး၊ အသက် ၆၅ နှစ်အထက် ၈၆၉ ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း ၈ ဦး၊ Volunteer/ပရဟိတ ၁၄၈၆ ဦး၊ သံဃာ/သီလရှင် ၅၀ ပါး၊ နိုင်ငံ့ဝန်ထမ်း ၂၈၈ ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင် ၇၃၂ ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း ၄၀ ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း ၁၇၄ ဦး၊ Supet Market/ဈေးရောင်းသူ ၁၂၉၇ ဦးစုစုပေါင်း ၈၁၀၀ ဦးအား ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရန် မင်းလှမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ဆေးအလုံးရေ ၁၆၂၀ လုံးရရှိသဖြင့် ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနှံနိုင်ပြီး လူဦးရေ ၈၁၀၀ ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ပထမအကြိမ် ထိုးနှံပြီးသူများအား ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)