အိမ်မဲ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေစဉ် ရိုက်ကူးတက်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်သူ၊ စားငှားသူ ပြည်သူများ၊ ကျောင်းသား/ သူများနှင့် သားသား၊ မီးမီးလေးများအတွက် Online မှတစ်ဆင့် လေ့လာနိုင်စေရေးအတွက် ပုံပြင်ပြောမယ်နားထောင်ကွယ် အစီအစဉ်၊ ကဗျာလေးတွေရွတ်ကြမယ်အစီအစဉ်၊ သုတ၊ ရသစာအုပ်မိတ်ဆက်ခြင်းအစီအစဉ်နှင့် စက္ကူအရုပ်ခေါက်အစီအစဉ်များကို နေ့စဉ် အိမ်မဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် နေ့စဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်