ဖျာပုံ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင်ကျန်းမာရေးနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်ငွေလုံးငွေရင်း (၇၃.၆)သန်းဖြင့် ဘောလုံးကွင်းအတွင်းရှိ မြေသား ပြေးလမ်းခင်းခြင်း၊ ဖြည့်စွက်ဘတ်ဂျက်ဖြင့် ကျောက်မှုန့်ပြေးလမ်းနှင့် လမ်းဘေးကတ်တုံးခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင် ရွက်ပြီးစီးပြီးဖြစ်ကြောင် သိရသည်။
အဆိုပါ ဘောလုံးကွင်းအတွင်းရှိ မီတာ(၄၀၀) ကျောက်မှုန့်ပြေးလမ်းခင်းခြင်းနှင့်လမ်း ဘေးကတ်တုံးခင်းခြင်းလုပ်ငန်းအား၊ အောင်မြေဦးဆောက်လုပ်ရေးကုမ္ပဏီမှ(၉-၆-၂၀၂၁) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် လုပ်ငန်းပြီးစီးမှုရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်ရာ ဖျာပုံမြို့နယ်အနေဖြင့် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက်အားကစားကွင်းနှင့် အားကစားရုံ များအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ဘောလုံးကွင်းကြီးအတွင်း ပြေးလမ်း (၆)လမ်းပါကျောက်မှုန့်ခင်းခြင်း ဆောင်ရွက်ပြီး စီးမှုများအား ဖျာပုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဦး၊ မြို့နယ်အားကစားမှူး ဦးဝင်းထိန်နှင့် အောင်မြေဦးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်