ဇီးကုန်း စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ အသက်(၅၅)နှစ်နှင့် အထက် သက်ကြီး များ၊ ပညာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ အမှတ် ၄ ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ စေတနာ့ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ၊ စက်ရုံ အလုပ်ရုံ ဆန်စက်များမှ လူဦးရေစုစုပေါင်း(၁၀၀၀)ဦးအား မြို့လယ် သံဓမ္မာရုံ၌ ဆေးထိုးစုရပ်နေရာ လေးခုခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ယမန်နေ့က အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးများ၊ သာသနာ့နွယ်ဝင်များနှင့် နိုင်ငံ့ဝန်ထမ်း(၈၁၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရ သည်။
အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)