ကျောက်တလုံးကြီး စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့တွင်Covid-၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၅၅)နှစ်အထက်ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ မသန်မစွမ်းသူများ၊ နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သည့်ရောဂါရှိသူများအားယနေ့နံနက်၉နာရီခန့်ကကျောက်တလုံးကြီးမြို့ (အ.ထ.က)၌ Covid-၁၉ ရောဂါကာကွယ်ဆေး ကိုဒုတိယနေ့အဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့Covid-၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံသူများကို Covid-၁၉ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း နှင့်ကာကွယ်ဆေးမှတ်တမ်းရေးသွင်းခြင်းများကိုဆောင်ရွက်၍ ကျောက်တလုံးကြီးမြို့ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ် ငန်းတွင်လိုအပ်သည်များကို ကျောက်တလုံးကြီးမြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး နှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတို့ကပူးပေါင်း ပါဝင်ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ Covid-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်စက်တင်ဘာ(၁၉)ရက်နေ့မှ(၂၁)ရက်နေ့အထိ ကျောက်တလုံးကြီးမြို့၊မြို့ပေါ်(၆)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၇)အုပ်စု တို့မှအသက်(၅၅)နှစ်အထက်ပြည်သူများ၊မသန်မစွမ်းသူများ၊နာတာရှည်ရောဂါနှင့်မကူးစက်နိုင်သည့်ရောဂါရှိသူများကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့်သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ စုစုပေါင်း(၁၆၅၆)ဦးကို ပထမအကြိမ်(Sinopharm)Covid-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး စက်တင်ဘာ(၂၃)ရက်နေ့တွင်နောင်ကားကျေးရွာ၊ လုံကား(အ.ထ.က)တွင် Covid-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တလုံးကြီး(ပြန်/ဆက်)