မာန်အောင် စက်တင်ဘာ၂၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအထိ သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိရာ ကိုဗစ် ၁၉ရောဂါကူးစက်ခံရသော် လည်းပြန်လည် ကောင်းမွန်လာသူများ၏စကားသံများကိုဖေါ်ပြလိုက်ရပါသည်။
ဦးထွန်းရွှေ အသက်(၅၆)နှစ်၊တောထူအုပ်စု၊တောထူကျေးရွာ
ဦးလေးနာမည်ကဦးထွန်းရွှေပါ ကိုဗစ်-၁၉ရော ဂါအစဖြစ်ပုံကတော့ လည်ပင်းမှာပေါ်နေတဲ့အကျိတ် အဖုက စတာပါ၊အကျိတ်အဖုရဲ့ အရှိန်ကြောင့်စပြီးဖျား ပါတယ်၊အဲဒါကြောင့် မြို့နယ်ဆရာဝန်ကြီး ဆီသွားပြခဲ့ပါတယ်၊ ဆရာဝန်ကြီးက ကိုဗစ်ရောဂါသံသယရှိပြီး ဇူလိုင်လ၂၄ ရက်နေ့ညနေ(၆)နာရီအချိန်မှာပိုးရှိ/မရှိ(RDT)ဖြင့် စစ်ဆေး တော့ ရောဂါပိုးစတွေ့ပါတယ်၊ ပိုးတွေ့တော့ မြို့နယ်ပြည်သူ့ဆေးရုံရဲ့ အပေါ်ထပ်မှာပိုးတွေ့လူနာတွေကို ထားပြီး မြို့နယ် ဆရာဝန်နှင့်ကျန်းမာရေး ဝန်ထမ်းတွေကကျန်းမာရေးစောင့်ရှောက်မှုပေးကြပါတယ်၊ ကျန်းမာရေး ဝန်ထမ်း တွေရဲ့ ဂရုစိုက်စောင့် ရှောက်ပေးမှု၊ မြို့နယ်ပ ရဟိတအသင်းတွေရဲ့ထောက်ပံ့ ကျွေးမွေးမှုတွ ကြောင့် သြဂုတ်လ၂ ရက်နေ့မှာကိုဗစ် ၁၉ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်၊ကိုဗစ်-၁၉ရောဂါပိုးစတွေ့ခဲ့တဲ့ အချိန်က ဆိုရင်ကျွန်တော်တို့ မိသားစုတွ နေတဲ့အိမ်ကို Stay at home နေထိုင်ရန် သတ်မှတ်ခဲ့ပါတယ်၊ ကျွန်တော် ရော ဂါပိုးကင်းစင်လို့ဆေးရုံက ဆင်းလာတဲ့အခါမှာလည်း နေအိမ်တွင်Home Quarantine (၇)ရက် နေခဲ့ရ ပါတယ်၊Home Quarantine ကိုလည်း ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်များနှင့်အညီ နေထိုင်ခဲ့ ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါသံသယဖြစ်ပါက နီးစပ်ရာကျန်းမာရေး ဌာနများ နှင့် ဆက်သွယ် ပြီးတော့ အမြန်ဆုံးကျန်းမာရေး စစ်ဆေးမှု ခံယူကြပါ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှကိုဗစ် ၁၉ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးနေတဲ့အချိန်မှာ တွေဝေဆိုင်းငံ့ မနေဘဲ အမြန်ဆုံးသွားရောက်ထိုးနှံကြပါ၊ ကာကွယ်ဆေး ထိုးနှံပြီးသောအခါတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာရဲ့ ညွှန်ကြားချက်များနှင့်အညီနေထိုင်ကြပါ လို့တိုက်တွန်းလိုက်ပါတယ်၊ အားလုံးကို ကျေးဇူးတင် ပါတယ်။
ဒေါ်ကြည်ကြည်သန်း အသက်(၅၂)နှစ် အနောက်စုရပ်ကွက်၊မာန်အောင်မြို့
အစ်မနာမည်က ဒေါ်ကြည်ကြည်သန်းပါ၊အစက တော့နည်းနည်းဖျားတယ်၊နောက်အဖျားမကျ (၄)ရက်နေမှ တစ်ကြိမ် ပြန်ကျတော့ မြို့နယ်ဆရာဝန်ကြီးဆီသွားပြတော့၊ဆရာဝန်ကြီးကဆေး(၃)ရက်စာပေးပြီး အိမ်မှာနေခိုင်း တယ်၊ နောက်(၃)ရက်လောက်ဆိုတော့ အစာမစားချင်အသက်ရှူကြပ်၊ အောက်ဆီဂျင် ကျလို့ဆေးရုံ တက်ပြီး (RDT)နှင့် စစ်ဆေးလိုက်တော့Positive လို့ထွက်ပါတယ်၊ဒါကြောင့် Positiveတွေ့တဲ့နေ့ဇူလိုင် လ၂၅ရက် နေ့မှာဘဲ Positive လူနာထားတဲ့ ဆေးရုံအပေါ်ထပ်မှာ ထားပြီးတော့ မြို့နယ် ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်း တွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုကြောင့် ပြန်လည်နေကောင်းလာပါတယ်၊အစားအ သောက်နဲ့ ပတ်သက်ပြီး မြို့နယ်ပရဟိတ အသင်းအဖွဲ့တွေရဲ့ကျွေးမွေးမှုကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်၊ မိဘပြည် သူများ အနေဖြင့် ကိုဗစ်ရောဂါလက္ခဏာ သံသယရှိလာခဲ့ရင် ကျန်းမာရေးဌာနတွင်သွားရောက်ပြသပါ၊ Positiveဖြစ်နေ တဲ့အချိန်မှာ ဆိုရင်ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်ခဲ့တဲ့ အတွက်သြဂုတ်လ (၁၄)ရက်နေ့မှာရောဂါ ပိုးကင်းစင်လို့ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးနေအိမ်တွင် Home Quaratine (၇)ရက်နေထိုင်ခဲ့ရပါတယ်၊ ဒါကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ခေါ်ယူတဲ့အချိန်အခါမှာ သွားရောက် ထိုးနှံကြပါ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်းချက်အတိုင်း လိုက်နာနေ ထိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
မာန်အောင်