မြဝတီမြို့၌ တတိယသုတ်ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးကို ယနေ့ စတင်ထိုးနှံပေး

မြဝတီ စက်တင်ဘာ ၂၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့နယ်တွင်လည်း သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများအား  တတိယအသုတ်ပထမအကြိမ်အဖြစ် ယနေ့ နံနက်(၉)အချိန်ခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ် အနေဖြင့် ကိုဗစ်ကာကွယ်ဆေးဒုတိယအသုတ်အဖြစ် ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ (၁၈)ရက်နေ့အထိ (၃)ရက်ကြာ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး တတိယသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း ကို သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများအား စုရပ်နေရာများ၌ ယနေ့စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ  ထိုးနှံပေးသွားဖြစ်ကြောင်း သိ ရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)