ဆားလင်းကြီးမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက်ရှိသူများ အပါအဝင် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆားလင်းကြီး           စက်တင်ဘာ  ၂၂

 

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက်(၅၅)နှစ်နှင့် အထက်ရှိသူများ အပါအဝင် ပြည်သူများ အား ပထမအကြိမ် ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိရာ တတိယနေ့အဖြစ် စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၈နာရီအချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမနှင့် ကျားတက်(အထက)တို့တွင်  ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆားလင်းကြီးမြို့နယ်အတွက် ယခင်ဦးတည်အုပ်စုအပြင် (အသက်(၅၅)နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက် နိုင်သောရောဂါ သည်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် EAO) များကိုပါ ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinophramကို ဆေးတစ်လုံလျှင် (၅)ဦးနှုန်း ထိုးနှံနိုင်သည့် ကာကွယ်ဆေးအလုံးရေ(၁၂၀၀)လုံးဖြင့် လူဦးရေ(၆၀၀၀)ကို ထိုးနှံပေးမည်ဖြစ်ရာ ပထမနေ့တွင် (၁၆၇၀)ဦး၊ ဒုတိယနေ့တွင် (၉၄၅)ဦး၊ တတိယနေ့တွင် (၄၅၀)ဦး စုစုပေါင်း လူဦးရေ (၃၀၆၅)ဦးအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များနှင့် မြို့နယ်ဆရာဝန် ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

ထို့ပြင် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများအား ဆားလင်းကြီး (အထက)ရှိ ပန်းမြတ်သဇင်ခန်းမနှင့် ကျာတက်(အထက)တို့တွင် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

 

ဥမ္မာခိုင်