ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းဗြဲမြို့ပေါ်ရှိ အ.ထ.က၊ပုလုပ်တောင်ကျောင်းစုရပ်သို့ အသက်(၅၅)နှစ် အထက်ပြည် သူများနှင့်ဦးစားပေးအုပ်စုတွင်ပါဝင်သောပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဆေးလာရောက်ထိုးနှံကြသည့် ပြည်သူများထဲမှ ပြည်သူတစ်ဦး၏

 

ရမ်းဗြဲ   ၊ စက်တင်ဘာ - ၂၂

 

ကျွန်တော်ကတော့ - ရမ်းဗြဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေတုံးရပ်မှာနေထိုင်တဲ့ ဦးကြည်အောင်ဖြစ်ပါတယ်။ ပညာရေး ဌာန အငြိမ်းစားတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာကြီးကိုခြိမ်းခြောက်နေတဲ့ ဒီကိုဗစ်ရောဂါကပ်ကြီးက ကူးစက်မှု နှုန်းက လည်းမြန်တယ်။ အသေအပျောက်လည်းများတယ်။ ဒါကြောင့် ကျွန်တော်က ပထမတော့ ကာကွယ် ဆေးမထိုးခင် သံသယရှိတာပေါ့၊ ကြောက်လည်းကြောက်မိတယ်၊ ခုကာကွယ်ဆေးထိုးပြီး သွားတော့ စိတ်သက်သာ ရာရသွား တယ်ဗျာ။

အခုအပြင်မှာပြောနေကြတာက ကာကွယ်ဆေးထိုးထားတဲ့သူတွေဟာ ရောဂါဖြစ်လာရင်လည်း တော်တော်ခံနိုင်ကြ တယ်၊ တစ်ချို့ဆေးမထိုးထားဘဲ့နဲ့ရောဂါဖြစ်တဲ့သူတွေလည်းရှိတယ်၊ အသေအပျောက် တော့မရှိပါဘူး။ ဒါပေမယ့် တောတော်ခံရတယ်ပြောတယ်၊ ကာကွယ်ဆေးကိုတော့ ထိုးဖြစ်အောင်ထိုးကြပါလို့ တိုက်တွန်းပါတယ်ဗျာ။

ခုကာလမှာ ကူးစက်မှုနှုန်းများပြားလာတဲ့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်များကိုလိုက်နာနေကြမယ်ဆိုရင် ကူးစက်နှုန်းလျော့သွားပြီးတော့ ရောဂါလည်း ပျောက်သွားမယ်ထင် ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်တဲ့ စည်းကမ်းချက် သတ်မှတ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြပါလို့ ကျွန်တော်အနူးအ ညွှတ် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ်။

 

တွေ့ဆုံမေးမြန်းသူ ၊ သတင်း၊ ဓာတ်ပုံ

အောင်နိုင်(ပြန်/ဆက်)