ဆိပ်ဖြူမြို့နယ်တွင် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ

ဆိပ်ဖြူ        စက်တင်ဘာ   ၂၂

 

မကွေးတိုင်ဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား သတ်မှတ် ရက်များအတွင်း ဆက်လက်ထုတ်ချေးပေးနေကြောင်းသိရသည်။

 

ဆိပ်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ မိုးသီးနှံ စိုက်ပျိုးတောင်သူများကို ဇွန်လ ၁ရက်နေ့မှစ၍ စိုက်ပျိုးစရိတ် ချေးငွေများကိုစတင်ထုတ်ချေးပေးခဲ့ပြီး သတ်မှတ်ကာလဖြစ်သည့် ၂၀၂၁ ခုနှစ်  စက်တင်ဘာကုန်အထိ ထုတ်ချေး ပေးသွား မည်ဖြစ်ကြောင်းသိရှိရသည်။ မိုးသီးနှံ စိုက်ပျိုးစရိတ် ကျပ်သိန်းပေါင်း (၆၀၀၀)ကို ထုတ်ချေးနိုင်ရန် လျာထား ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့အထိကျေးရွာအုပ်စု (၂၉)အုပ်စု တောင်သူ (၉၉၄)ဦးတို့အား  မိုးစပါး စိုက်ဧက (၁၉၀၂) ဧက ၊အခြားသီးနှံ စိုက်ဧက( ၂၆၃၇) ဧကအတွက် ငွေကျပ်၅၄၉၀၀၀/သိန်းကို စပါးတစ်ဧကလျှင် တစ်သိန်းခွဲ ကျပ်နှုန်းဖြင့်လည်းကောင်း ၊ အခြားသီးနှံအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးပြီးဖြစ်ကြောင်း ၂၀၂ဝခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ထုတ်ချေးယူထားသည့် တောင်သူများ အနေဖြင့် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)သို့ ယနေ့အထိ ပြန်လည်ပေးဆပ်လျှက်ရှိပြီး သတ်မှတ်ကာလအတွင်း ၂၀၂၁ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်များကို တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မန်နေဂျာထံမှ သိရှိရသည်။      

ကိုဇွဲ    ( အညာမြေ)