ဥတ္တရသီရိ စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကြီးပွားကျေးရွာတွင် မီးလောင်၍ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေး အပ်ရာတွင် ဥတ္တရခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလင်းထင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းယုတို့က ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့ငွေ (၁၁၅၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် စက်တင်ဘာ (၂၁)ရက်နေ့က ကြီးပွားကျေးရွာရှိ ဦးခင်မောင်ဌေး၏ နေအိမ်အား မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၃)ပင်ပတ်လည် အိမ်တစ်လုံးပျက်စီး ဆုံးရှုံးခဲ့သဖြင့် ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)