ကျောက်တံခါးမြို့နယ်တွင် (၃၁)ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ကျောက်တံခါး  ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် အနံ့ပျောက်သူနှင့် ဖျားနာသူ (၄၉)ဦးအား ယမန်နေ့က RDT စနစ်ဖြင့် ဆေးစစ်ခဲ့ရာ (၃၁)ဦး ပိုးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃၁)ဦးသည် သာယာကုန်းကျေးရွာ(၁၄)ဦး၊ ဇောတိကျေးရွာမှ ()ဦး၊ ပဲနွယ်ကုန်းမြို့မှ(၁၀)ဦး၊ ဖြူးမြို့နယ်မှ()ဦး၊ ကျီးရိုးကျေးရွာမှ()ဦး၊ ဇရပ်ခင်ကျေးရွာမှ()ဦး၊ ဂူလားကျေးရွာမှ ()ဦး၊ အောင်သိဒ္ဓိကျေးရွာ()ဦး ဖြစ်ပြီး ယခုအခါ ကျောက်တံခါးမြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း(၁၇၉)ဦး အထိ ရှိလာပြီးဖြစ်သဖြင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များအား ပြည်သူများ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက   ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၃၁)ဦးအား သက်ဆိုင်ရာဒေသရှိ တိုက်နယ်ဆေးရုံးများနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ထားရှိပြီး ဆေးကုသလျက်ရှိကြောင်း သိရသည်။

စန်းစန်း