တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်းများပေးခြင်းပြုလုပ်

 

တောင်ငူ ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရေး ရည်ရွယ်ကာ ယနေ့ နံနက်ပိုင်းက ပါးစပ်နှင့်နှာခေါင်းစည်းများပေးခြင်းကို ကန်လမ်း ဗိုလ်ချုပ်ရုပ်ထုရှေ့၌ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဝင်များ ၊ ခရိုင်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ မြို့အတွင်း လမ်းသွားလမ်းလာကြသူများအား နှာခေါင်းစည်းများ အခုရေ (၁၅၀) ခု ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်မှုများကို အပတ်စဉ်ရက်သတ္တပတ်များ၌ အင်္ဂါနေ့နှင့် ကြာသာပတေးနေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။