ညောင်လေးပင် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ဇူလိုင်လ ၇ ရက် နေ့လယ် ၁၁:၃၀ ချိန်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အတည်ပြု လူနာများမှာ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများနှင့် ညောင်လေးပင် မြို့နယ် ပြည်သူ့ဆေးရုံနှင့် သက်ဆိုင်ရာ တိုက်နယ်ဆေးရုံများသို့ အနံ့မရ ဖျားနာသဖြင့် လာရောက် စစ်ဆေးသည့် ပြင်ပလူနာ ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ပိုးတွေ့ရှိသူ ၂၂ ဦးအနက် ၄ဦးအား ပိန်းဇလုပ်တိုက်နယ် ဆေးရုံသီးသန့်ဆောင်တွင်လည်းကောင်း ကျန် ၁၈ဦးအား တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင်လည်းကောင်း၊ အသီးသီး ပို့ဆောင်ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများအား စုံစမ်း၍ Quarantine ထားရှိပြီး Swab နမူနာ ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် ပြန်/ဆက်