နတ်တလင်းမြို့နယ်၌ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှုရှိ၊ မရှိစစ်ဆေး

 

နတ်တလင်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်- ၁၉ စည်းကမ်း ချက်များနှင့်အညီ ရောင်းချနေမှုရှိ၊ မရှိစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း  သိ ရသည်။

အဆိုပါဆောင်ရွက်ရာတွင် စည်ပင်သာယာရေးနယ်နမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် များနှင့်လက်ဖက်ရည်ဆိုင်များကို မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-  ၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ပါဆယ်စနစ်ဖြင့်ရောင်းချနေမှုအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထားထားဦး