ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၄)ဦး ထပ်မံတွေ့ရှိသဖြင့် မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၇၂)ဦးရှိပြီဖြစ်

မောင်တော ဇူလိုင်  ၈

 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူ များ ၊   ဖျားနာ ၊ ချောင်းဆိုး၊ အ သက် ရှုကြပ် ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ဇူလိုင် ၇ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၁၄)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။    

 

အဆိုပါ ပိုးတွေ့  လူနာများသည် မောင်တောပြည်သူ့ဆေးရုံရှိ  ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင် တို့တွင် ကျန်းမာရေး စောင့် ရှောက်မှု ခံယူလျက်ရှိရာ  ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၂၇၂)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာများအနက် (၁၅)ဦးမှာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန၏ သတ်မှတ် စည်းကမ်း ချက် များ နှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံ ဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ (၂)ဦးရှိကြောင်း နှင့် လက်ရှိ မောင်တော မြို့၌ ဆေးကုသမှုခံ ယူနေသူ (၂၅၅) ဦးရှိ ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး ထံမှ သိရသည်။

 

သက်လွင်စိုး